“IBEC ဗုဒ္ဓတက္ကသိုလ်၌ ဒုတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည်”

08 Sep

စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) ဗုဒ္ဓတက္ကသိုလ်မှာ ဒုတိယအကြိမ် သုတေသနစာတန်းဖတ်ပွဲကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ သုတေသနစာတမ်းဖတ်ပွဲမှာ "ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များအတွက် ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍ" ခေါင်းစဥ်နဲ့ စာတမ်းများဖတ်ကြားနိုင်ရန် ပြည်တွင်း/ပြည်ပမှစာတမ်းရှင်များကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် စာတမ်းဖတ်ကြားမည့် စာတမ်းရှင်များအနေနဲ့ တင်သွင်းဖတ်ကြားမည့်စာတမ်းအနှစ်ချုပ်ကို ယခုနှစ် အောက်တိုဘာလ ၁၅ ရက် နောက်ဆုံးထားတင်သွင်းပေးရမည်ဖြစ်ပြီး စာတမ်းအပြည့်အစုံကို ယခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားတင်သွင်းပေးရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

08 Sep

ADVERTISE HERE .