“စစ်ကိုင်းမြို့ရှိ ရွှေမင်းဝံဈေးမှာ မြန်မာ-တရုတ်ချစ်ကြည်ရေးစျေးရုံတစ်ခု စတင်ဆောက်လုပ်”

08 Sep

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ရွှေမင်းဝံစျေး၌ မြန်မာ-တရုတ်ချစ်ကြည်ရေးစျေးရုံ ရတနာပန္နက်တော်တင် နှင့် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားအား စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက တည်ဆောက်မည့်မြေနေရာမှာ ကျင်းပ ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယာယီတာဝန်ခံ၊ မြန်မာ-တရုတ်ကုမ္ပဏီများအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အစဥ်အလာအတိုင်း ရတနာပန္နက်တော်တင်ခဲ့ကြ ပါတယ်။ မြို့‌နေပြည်သူများလိုအပ်တဲ့ အခြေခံအဆောက်အဦ၊ ဈေးများတည်ဆောက်ပေးခြင်းက ဒေသတွင်း စီးပွားရေး၊ လူမူရေးအခန်းကဏ္ဍများကို အထောက်အကူပြုလျက်ရှိပြီး ဒေသတွင်းကုန်စည်စီးဆင်းမှု မှန်ကန်လျင်မြန်မှသာ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ စစ်ကိုင်းမြို့နဲ့ဆက်စပ်လျက်ရှိတဲ့ ဒေသများ၏ လူနေမှုအဆင့်အတန်းနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ကောင်းဖြစ်လာနိုင်မည်ဟု တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အဆိုပါရွှေမင်းဝံဈေးရှိ မြန်မာ-တရုတ် ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေရှိကာ Steel Structure (၁)ထပ်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်း လှူဒါန်း၍ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ (NVS 004)

08 Sep

ADVERTISE HERE .