ပွင့်လင်းရာသီအမီ ဟိုတယ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် တိုက်တွန်း

07 Sep

မန္တလေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာ နေရာများစွာ ရှိတဲ့အတွက် ပွင့်လင်းကာလ ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများ ယခုထက်ပိုမိုလည်ပတ်နိုင်ရန် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ကြရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောသည်။ ယမန်နေ့က မန္တလေးတိုင်းရှိ ဝန်ကြီးဌာနပိုင် ငှားရမ်းဟိုတယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဟိုတယ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ မန္တလေးမြို့သို့ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြရန် ပူးပေါင်းဆောင်ရွက်ရန်နှင့် ငလျင်ဒ-ဏ်သင့် ဟိုတယ်အဆောက်အုံခန်းမများကို ပြင်ဆင်ရာတွင် သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များအတိုင်း ပြင်ဆင်ရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်းလည်းသိရသည်။ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော မန္တလေးမြိုရှိ ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ရေး၊ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးတိုအတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲများ၊ လုပ်ငန်းလုပ်ကိုင်သူများ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။(NVS 004)

07 Sep

ADVERTISE HERE .