လေဗာကူဆင်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ နည်းပြ ရာအူးလ်
06 Sep
ဂျာမန်ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် ကမ်းလှမ်းလာမှု အပေါ် နည်းပြ ရာအူးလ် က လက်ခံခဲ့ကြောင်း သိရပါတယ်။ လေဗာကူဆင်အသင်းဟာ ဘွန်ဒက်လီဂါပွဲစဉ် နှစ်ပွဲသာ ကိုင်တွယ်ခဲ့ပြီးနောက် လက်ရှိနည်းပြ တန်ဟက် ကို ထုတ်ပယ်ခဲ့ပြီး အသက် ၄၈ နှစ်အရွယ် နည်းပြ ရာအူးလ် ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ရာအူးလ် အနေနဲ့ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းကို ကိုင်တွယ်ခဲ့ပြီး အတွေ့အကြုံရှိသူတစ်ဦးဖြစ်လို့ လေဗာကူဆင်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)
06 Sep