မိုက်တိုင်ဆန် နှင့် မေဝယ်သာ တို့ ရန်ပုံငွေပွဲထိုးသတ်သွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်

06 Sep

ဂန္ထဝင်အမေရိကန်လက်ဝှေ့သမားများဖြစ်တဲ့ မိုက်တိုင်ဆန် နှင့် မေဝယ်သာ တို့က ရန်ပုံငွေပွဲစဉ်အဖြစ် ၂၀၂၆ နှစ်ဦးပိုင်းတွင် ထိုးသတ်သွားရန် ဆွေးနွေးနေပြီဖြစ်ကြောင်း CSI Sports ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ မိုက်တိုင်ဆန် ဟာ အသက် ၆၀ ထဲသို့ ဝင်ရောက်လာပြီဖြစ်သော်လည်း လက်ဝှေ့လောကကို ချစ်မြတ်နိုးဆဲဖြစ်ပြီး ဝင်ရောက်လှုပ်ရှားနေဆဲဖြစ်သလို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင်လည်း ဂျိတ်ပေါလ် နဲ့ ထိုးသတ်ခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် မေဝယ်သာ ဟာ ရှုံးပွဲမရှိရလဒ်နဲ့ လက်ဝှေ့လောကမှ အနားယူထားသူဖြစ်သော်လည်း ၎င်းအနေနဲ့ ရန်ပုံငွေပွဲစဉ်များကို စီစဉ်ထိုးသတ်နေဆဲဖြစ်ပါတယ်။ မိုက်တိုင်ဆန် က မေဝယ်သာ နဲ့ပွဲစဉ်ကို အနိုင်အရှုံးရလဒ်ကြောင့် ထိုးသတ်သွားဖို့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ မေဝယ်သာ အနေနဲ့ အရမ်းထိုးသတ်ချင်နေတာ တွေ့ရကြောင်းနဲ့ ဘာလို့ထိုးသတ်ချင်နေတာလဲ ဆိုတာကို နားမလည် ကြောင်း၊ သူ့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာလိမ့်မယ်လို့ သတိပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

06 Sep

ADVERTISE HERE .