ချဲလ်ဆီးအသင်းနဲ့ စတာလင် တို့ စာချုပ်ဖျက်သိမ်းကြေး ညှိနှိုင်းမရဖြစ်နေ
06 Sep
ချဲလ်ဆီးအသင်းက အသင်းတောင်ပံကစားသမား စတာလင် ကို စာချုပ်ဖျက်သိမ်းရန် ကြိုးပမ်းနေသော်လည်း စာချုပ်ဖျက်သိမ်းကြေးညှိနှိုင်းမှု အဆင်မပြေဖြစ်နေကြောင်း သိရပါတယ်။ စတာလင် ဟာ မန်စီးတီးအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ရန် ရုန်းကန် နေရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အာဆင်နယ်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းနှင့်ပြန်လည် ပူးပါင်းခဲ့ခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလ အစပိုင်းမှာပင် စတာလင် ကို အရောင်း စာရင်းတင်ကာ ရောင်းချရန်ဆုံးဖြတ်ထားခဲ့ပါတယ်။ သို့သော် ၎င်းကို ခေါ်ယူမည့်အသင်း မရှိသည့်အတွက် ရောင်းချ နိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိတွင် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက စတာလင် ကို ပေါင် ၁၀ သန်းဖြင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလိုနေသော်လည်း စတာလင် က သန်း ၃၀ ထိ အလိုရှိနေတဲ့အတွက် ဆွေးနွေးမှုအဆင်မပြေဖြစ်နေကြောင်း သိရပါတယ်။(NVS 008)