လေဗာကူဆင်အသင်းမှ ထုတ်ပယ်ခံရမှုအပေါ် အံအားသင့်မိကြောင်း ပြောခဲ့တဲ့ နည်းပြ တန်ဟက်ဂ်

06 Sep

လေဗာကူဆင်အသင်းနည်းပြ တန်ဟက်ဂ် အနေနဲ့ အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရမှုအပေါ် လွန်စွာ အံ့အားသင့်မိကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ် တန်ဟက်ဂ် ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ် နှစ်ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ရာထူးမှထုတ်ပယ် ခံခဲ့ရခြင်းဖြစ်ပါတယ်။ ၎င်းအနေနဲ့ တစ်ပတ်အတွင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရသည့် တတိယမြောက် မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြဟောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။ ဘက်ဆစ်တက်အသင်းမှ ဆိုးလ်ရှား၊ ဖီနာဘာချီအသင်းမှ မော်ရင်ဟို တို့ကလည်း အသီးသီး ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ တန်ဟက်ဂ် က ၎င်းကို အချိန်မပေးမှု၊ တစ်ဖက်သတ် ထုတ်ပယ်ခံရမှုအတွက် လေဗာကူဆင်ဘုတ်အဖွဲ့ကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

06 Sep

ADVERTISE HERE .