ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၀ သိန်းကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅၅ သန်းရရှိထား
06 Sep
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၅ လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုတန်ချိန် ၁,ဝ၃၈,၃၆ဝ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅၅ သန်းရရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်(MRF)မှ ထုတ်ပြန်ထားပါတယ်။ ပြည်ပနိုင်ငံသို့ တင်ပို့မှုအနေနဲ့ ဧပြီလမှာ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၅၉,၅ဝ၁ တန်၊ ဇွန်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၁၂,၄၁၆ တန်၊ ဇူလိုင်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ဝ,၆၇၁ တန်နှင့် သြဂုတ်လတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၉၂,၉၈ တန်ကို နိုင်ငံပေါင်း ၆ဝ ကျော်သို့ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိတွင် ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် ကုမ္ပဏီပေါင်း ၆ဝ က ပင်လယ်ရေကြောင်းမှ တစ်ဆင့် အဓိကတင်ပို့နေတာဖြစ်ပြီး ဆန်တန်ချိန် ၁၁၂,၅ဝ၄ တန်၊ ဆန်ကွဲတန်ချိန် ၈ဝ,၄၈ဝ တန်ကို နယ်စပ်ကုန်သွယ်မှု မှတစ်ဆင့် တန်ချိန် ၁၄ဝ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ၁၉၁,၅၈၄ တန် တင်ပို့ခဲ့ရာ တရုတ်၊ ဖိလစ်ပိုင်၊ မာဒါစကား၊ စပိန်၊ ပိုလန်နိုင်ငံ တို့က တန်ချိန်အများဆုံး ဝယ်ယူလျက်ရှိနေပါတယ်။ ယခုဘဏ္ဍာနှစ်မှာ ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုအနေနဲ့ တန်ချိန်သုံးသန်းနီးပါးအထိ တင်ပို့နိုင်ရန် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က လျာထားဆောင်ရွက် လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၂ ဒသမ ၅ သန်းနီးပါး တင်ပို့ နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၁၂၉ သန်းရရှိခဲ့ကြောင်း သိရပါတယ်။(NVS 004)