အမေရိကန်နိုင်ငံက အိန္ဒိယနှင့်ရုရှားနိုင်ငံတို့ကို တရုတ်နိုင်ငံသို့ ဆုံးရှုံးလိုက်ရပြီဟု ထရမ့်ပြော

06 Sep

အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို တရုတ်နိုင်ငံသို့ ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက်၌ စက်တင်ဘာလ ၅ ရက်တွင် ရေးသား ထားသည်။ ထရမ့် သည် တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့ သုံးဦး အတူယှဉ်တွဲလမ်းလျှောက်နေသည့် ဓာတ်ပုံကိုတင်ကာ ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။ ၎င်းအပြင် ထိုခေါင်းဆောင်သုံးဦးအနေဖြင့် အဓွန့်ရှည်ကြာ အောင်မြင်သောအနာဂတ်ကို အတူတကွပိုင်ဆိုင်နိုင်စေရန် ဆန္ဒ ပြုကြောင်း ထရမ့် က လူမှုကွန်ရက်တွင် ဆက်ရေးထားသည်။ သို့သော် ရုရှားနိုင်ငံ၏အကျိုးစီးပွားသည် အမေရိကန်နိုင်ငံနှင့် အပြုသဘောဆောင်သော ဆက်ဆံရေး ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံကိုမျှ ကျောခိုင်းမည်မဟုတ်ကြောင်း၊ အခြေအနေပေးလျှင် အာတိတ် ဒေသနှင့် အခြားသော အကျိုးတူပူးတွဲလုပ်ငန်းများတွင် ရုရှား၊ အမေရိကန်၊ တရုတ် တို့က သုံးနိုင်ငံပူးပေါင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လုပ်ဆောင်သွားလိုကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က အရှေ့ဖျားစီးပွားရေး ဖိုရမ်၌ ပြောထားသည်။

06 Sep

ADVERTISE HERE .