နည်းပြ ပိုစတီကိုဂလူး ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဖီနာဘာချီအသင်းဆွေးနွေး

05 Sep

ဖီနာဘာချီအသင်းက အသင်းနည်းပြသစ်အဖြစ် နည်းပြ ပိုစတီကိုဂလူး ကိုခန့်အပ်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။ အသက် ၆ဝ နှစ်အရွယ် နည်းပြ ပိုစတီကိုဂလူး ကလည်း ဖီနာဘာချီအသင်းရဲ့ ကမ်းလှမ်းလာမှုကို လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ နည်းပြ ပိုစတီကိုဂလူး အနေနဲ့ နည်းပြဘဝတစ်လျှောက် ဆဲလ်တစ်၊ စပါး စတဲ့ ကလပ်အသင်းများအပြင် အခြား ကလပ်အသင်းများစွာကို ကိုင်တွယ်ပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးဖြစ်လို့ ဖီနာဘာချီအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးလာခြင်းဖြစ်ပါတယ်။(NVS 008)

05 Sep

ADVERTISE HERE .