ချဲလ်ဆီးနှင့် ဖူလ်ဟမ်အသင်းပွဲစဉ်တွင် ဒိုင်ဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်း ဒိုင်အဖွဲ့ချုပ်အကြီးအကဲ ဟောင်းဝပ် ဝန်ခံ

05 Sep

ချဲလ်ဆီးနဲ့ ဖူလ်ဟမ်အသင်းတို့ ပွဲစဉ်တွင် တာဝန်ယူကြီးကြပ်ခဲ့သည့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ကြောင်း ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင်လူကြီးအဖွဲ့ချုပ် အကြီးအကဲ ဟောင်းဝပ် က ဝန်ခံခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးအသင်းက မြို့ခံပြိုင်ဘက် ဖူလ်ဟမ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များမှာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ဖူလ်ဟမ်အသင်း ပရိသတ်များကလည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများလုပ်ဆောင်ခဲ့ပါတယ်။ ပွဲကစားချိန်အတွင်း ဖူလ်ဟမ်အသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီးက ခွင့်မပြု ခဲ့လို့ ဖူလ်ဟမ်အသင်း နစ်နာခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းက ပင်နယ်တီသွင်းဂိုးနဲ့အတူ နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယား အဆင့်(၂)နေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။ ပွဲစဉ်အပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်များအတွက် ဖူလ်ဟမ်အသင်းနှင့်ပရိသတ်များက ပြန်လည်စစ်ဆေး ပေးရန်အတွက် တောင်းဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ် အကြီးအကဲ ဟောင်းဝပ် က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ပွဲချိန်အတွင်း ဒိုင်များရဲ့ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ကြောင်း ဝန်ခံခဲ့ကာ ချမှတ်ထားတဲ့ လမ်းညွှန်ချက်များကို တိကျစွာ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

05 Sep

ADVERTISE HERE .