လာလီဂါ တစ်လတာအကောင်းဆုံးဆုအတွက် ရီးရဲလ်မက်ဒရစ်အသင်းမှ အမ်ဘက်ပီ၊ အဒါဂူလာ နဲ့ နည်းပြ အလွန်ဆို တို့ ဆန်ခါတင်စာရင်းတွင်ပါဝင်

05 Sep

ဩဂုတ်လအတွက် ပေးအပ်ချီးမြှင့်မည့် လာလီဂါတစ်လတာ အကောင်းဆုံးဆုများအတွက် အကောင်းဆုံး ကစားသမားစာရင်းနဲ့ အကောင်းဆုံးနည်းပြစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းမှ တိုက်စစ်မှူး အမ်ဘက်ပီ၊ အဒါဂူလာနဲ့ နည်းပြ အလွန်ဆို တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တစ်လတာအကောင်းဆုံး ဆန်ခါတင်ကစားသမားစာရင်းတွင် လာလီဂါပွဲစဉ် သုံးပွဲကစားခဲ့ရာ၌ သွင်းဂိုး နှစ်ဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်း တောင်ပံတိုက်စစ်ကစားသမား ယာမယ်၊ သွင်းဂိုး သုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘက်ပီ၊ သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ တိုက်စစ်မှူး နစ်ကိုးဝီလျံ၊ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အက်စ်ပန်ညိုတိုက်စစ်မှူး မယ်လ်ဟာ၊ သွင်းဂိုးနှစ်ဂိုးနဲ့ တစ်ဂိုးဖန်တီးခဲ့တဲ့ ဗီလာရီးရဲလ် တိုက်စစ်မှူး ပီပီ တို့က အကောင်းဆုံးကစားသမားစာရင်းတွင် ပါဝင်ခဲ့ပါတယ်။ တစ်လတာ အကောင်းဆုံးဆုအတွက် တိုက်စစ်မှူး ယာမယ်နဲ့ တိုက်စစ်မှူး အမ်ဘက်ပီ တို့က ဆွတ်ခူးနိုင်ရန် အပြိုင်ရေပန်းစားနေသလို တစ်လတာ လူငယ်အကောင်းဆုံးကစားသမားဆုအတွက် သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အဒါဂူလာ က ဆုရရှိရန် ရေပန်းစားနေပါတယ်။ တစ်လတာအကောင်းဆုံး နည်းပြဆုအတွက် ရီးရဲလ်မက်ဒရစ်အသင်းကို လာလီဂါသုံးပွဲလုံး နိုင်ပွဲရယူပေးနိုင်ခဲ့တဲ့ နည်းပြ အလွန်ဆို၊ နှစ်ပွဲသရေ၊ တစ်ပွဲနိုင် ရရှိခဲ့တဲ့ ဘီလ်ဘာအိုအသင်းနည်းပြ ဗယ်ဗာဒီနဲ့ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရရှိခဲ့တဲ့ အက်စ်ပန်ညိုအသင်းနည်းပြ ဂွန်ဇာလက်ဇ် တို့က အကောင်းဆုံးစာရင်းတွင် ပါဝင်လာခဲ့ပေမယ့် နည်းပြ အလွန်ဆို က ဆုရရှိရန် ဦးစားပေးသတ်မှတ်ခံထားရကြောင်း သိရပါတယ်။ (NVS 008)

05 Sep

ADVERTISE HERE .