တူကီယဲကလပ် ထရာဇွန်စပေါ်အသင်းက ဂိုးသမား အိုနာနာ ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် ကမ်းလှမ်း
05 Sep
အပြောင်းအရွှေ့ကာလ နောက်ဆုံးချိန်၌ အန့်ဝပ်အသင်းမှ ဂိုးသမား လမ်မန်း မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ ပြီးနောက် ဂိုးသမား အိုနာနာ အနေနဲ့ အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့လို့ တူကီယဲကလပ် ထရာဇွန်စပေါ်အသင်းက တစ်ရာသီအငှားစာချုပ်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဂိုးသမားအိုနာနာ ကို မန်ယူအသင်းက အပြောင်းအရွှေ့ကာလစတင်ကတည်းက အရောင်းစာရင်းတင်သွင်း ခဲ့သော်လည်း ကမ်းလှမ်းလာသည့်အသင်း မရှိခဲ့ဘဲ ဂိုးသမားသစ်ခေါ်ယူရန် ကြိုးပမ်းခဲ့ရာတွင် ခေါ်ယူနိုင်ခြင်းမရှိခဲ့လို့ ၎င်းကို အသင်းတွင် ဆက်လက်ကစားခွင့်ပေးရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သို့သော် နည်းပြ အာမိုရင် က အိုနာနာ ကို ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲမှာ အရန်ကစားသမားစာရင်းတွင် ထည့်သွင်း၍ ဘာရင်ဒီယာ ကိုသာ ပွဲထွက်ခွင့်ပေးခဲ့ပြီး အိုနာနာ ကို ကာရာဘောင်းဖလားပြိုင်ပွဲတွင် ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ မန်ယူအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲမှ အစောဆုံးထွက်ခွာခဲ့ရပြီးနောက် အိုနာနာ ဟာ နည်းပြ အာမိုရင် ရဲ့စီမံကိန်းမှာ ပါဝင်ခဲ့ခြင်းမရှိတော့တာဖြစ်ပါတယ်။ တူကီယဲစူပါလိဂ်ရဲ့ အပြောင်းအရွှေ့မှာ လာမည့် စက်တင်ဘာ ၁၂ ရက်မှသာ ပိတ်သိမ်းမှာဖြစ်လို့ ဂိုးသမား အိုနာနာ အနေနဲ့ ထရာဇွန်စပေါ်အသင်းသို့ ပြောင်းရွှေ့ရန် သေချာနေကြောင်း သိရပါတယ်။(NVS 008)