ဖီနာဘာချီအသင်းမှထွက်ခွာခဲ့သည့် နည်းပြ မော်ရင်ဟို ကို နည်းပြခန့်အပ်ရန် ဝက်စ်ဟမ်းအသင်းကြိုးပမ်း
05 Sepတူကီယဲစူပါလိဂ်ဘောလုံးရာသီ အဖွင့်ပွဲစဉ်မတိုင်မီ ဖီနာဘာချီအသင်းက နည်းပြ မော်ရင်ဟို ကို ထုတ်ပယ်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ်သို့ ပြန်လည်ခေါ်ယူ၍ အသင်းနည်းပြအဖြစ်ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ လက်ရှိတွင် ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ဆန်းဒါးလန်းအသင်းနဲ့ ဒုတိယပွဲစဉ်တွင် ချဲလ်ဆီးအသင်းတို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းတာဝန်ရှိသူများက နည်းပြ ပေါ်တာ ကို ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေပြီး နည်းပြသစ်အဖြစ် မော်ရင်ဟို နဲ့အစားထိုးရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။ နည်းပြ ပေါ်တာ အနေနဲ့ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်အသင်းကို အဝေးကွင်းတွင် သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သော်လည်း အသင်းတာဝန်ရှိသူများက ၎င်း၏ နည်းစနစ်ပိုင်းကို သံသယရှိလာ တာကြောင့် နည်းစနစ်ပိုင်းကောင်းမွန်၍ အတွေ့အကြုံကောင်းများရှိသည့် မော်ရင်ဟို နဲ့အစားထိုးရန် ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။(NVS 008)