“ရွှေဈေးနှုန်း ရက်ပိုင်းအတွင်းမြင့်တက်”
05 Sep
စက်တင်ဘာလ ၁ ရက်မှ ၅ ရက်အတွင်း ကမ္ဘာရွှေဈေးတစ်အောင်စမှာ စက်တင်ဘာလ ၁ ရက်တွင် ၃၄၄၈.၃ ဒေါ်လာ၊ စက်တင်ဘာလ ၅ ရက်တွင် ၃၅၄၉.၄၄ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ၁၀၁.၀၁ ဒေါ်လာ မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်တွင်း၌ လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ YGEA က နေ့စဉ်ထုတ်ပြန် နေသည့် ရွှေတစ်ကျပ်သားဈေးနှုန်းမှာ စက်တင်ဘာလ ၁ ရက်တွင် ၅၉၂၀၀၀၀ ကျပ်၊ စက်တင်ဘာလ ၅ ရက်တွင် ၅၉၅၀၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ၃၀၀၀၀ ကျပ် မြင့်တက်ခဲ့ပါတယ်။ ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ရွှေတစ်ကျပ်သားဈေးနှုန်းမှာ စက်တင်ဘာလ ၁ ရက်တွင် ၇၇၅၀၀၀၀ ကျပ်၊ စက်တင်ဘာလ ၅ ရက်တွင် ၇၈၀၀၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ၅၀၀၀၀ ကျပ်သို့ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာရွှေဈေးမြင့်တက်ခြင်းမှာ နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ စစ်ရေး၊ စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်မှုများကြောင့် သက်ရောက်မှုများရှိခဲ့ပြီး နိုင်ငံအလိုက်ရှိ အစိုးရဘဏ်များက ရွှေများကို တိုးမြှင့်စုဆောင်း လာမှုကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၌ ဖြစ်ပေါ်လျက်ရှိသော ပြင်ပဈေးကွက် ဒေါ်လာပေါက်ဈေးမှာ စက်တင်ဘာလ ၁ ရက်တွင် ၄၃၄၀ ကျပ်၊ စက်တာဘာလ ၅ ရက်တွင် ၄၃၀၀ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ၄၀ ကျပ် ကျဆင်းလာခဲ့ပါတယ်။ (NVS 001)