“US open ရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခဲ့တဲ့ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ”
05 Sep
စက်တင်ဘာလ ၅ ရက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ US open င်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် အမျိုးသမီး တစ်ဦးချင်းတင်းနစ်ပွဲစဉ်မှာ ကမ္ဘာ့နံပါတ်တစ် ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ က အမေရိကန် တင်းနစ်မယ် ပီဂူလာ ကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ် ကမ္ဘာ့နံပါတ်တစ် ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ဟာ အမေရိကန်တင်းနစ်မယ် ပီဂူလာ ကို အကောင်းဆုံးလက်စွမ်းတွေနဲ့အတူ ၄-၆၊ ၆-၃၊ ၆-၄ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဆာဘာလန်ကာ အနေနဲ့ အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါက ဆယ်လီနာ ဝီလီယံ နောက်ပိုင်း ၃ နှစ်ဆက်တိုက် ချန်ပီယံဆုရရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။ (NVS 008)
05 Sep