“နိုင်ငံတကာပွဲများကြောင့် ရပ်ထားရသည့် Myanmar Women League ပြန်လည်စတင်”

05 Sep

နိုင်ငံတကာပွဲများကြောင့် ရပ်ထားရတဲ့ Myanmar Women League 2025-2026 အမှတ်ပေး ဘောလုံး ပြိုင်ပွဲများကို စက်တင်ဘာလ ၄ ရက်က ပြန်လည်စတင်ယှဉ်ပြိုင်ကြပြီး ပထမဆုံးအဖွင့်ပွဲစဉ်အဖြစ် ISPE နှင့် YREO အမျိုးသမီးအသင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ Myanmar Women League 2025-2026 အမှတ်ပေးပြိုင်ပွဲမှာ ISPE အမျိုးအသင်းက YREO အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ISPE အသင်းရဲ့ ကစားသမား စန္ဒာလင်း ၏ သွင်းဂိုးတစ်ဂိုးတည်နဲ့ အနိုင်ရရှိခြင်းဖြစ်ကာ ISPE အသင်းသည် လေးပွဲကစားအပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး YREO အသင်းက တစ်ပွဲနိုင်၊ သုံးပွဲရှုံးရလဒ်ထွက်ပေါ်ထားပါတယ်။ (NVS 008)

05 Sep

ADVERTISE HERE .