“ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ညွှန်းဆိုခဲ့တဲ့ ရော်နယ်လ်ကိုးမန်း”

05 Sep

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်တယ်လို့ ညွှန်းဆိုပြောကြားခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ ဒီရက်ပိုင်းအတွင်း ပိုလန်၊ လစ်သူယေးနီးယားအသင်း တွေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီအတွက်လူစာရင်းထုတ်ပြန်ရာမှာ ရော်နယ်လ်ကိုးမန်း က ပရီးမီးယားလိဂ်ကို ချီးကျူးခဲ့ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နယ်သာလန်ကစားသမားတွေ စံချိန်တင် အရေအတွက်အဖြစ် ၃၆ ဦးအထိရှိနေပြီး လက်ရှိနယ်သာလန်လူစာရင်း ၂၅ ဦးမှာလည်း ပရီးမီးယားလိဂ်ကစားသမား ၁၃ ဦး ပါဝင်နေတယ်လို့လည်း သိရပါတယ်။ (NVS 008)

05 Sep

ADVERTISE HERE .