“ဂျိုတာ၊ အန်ဒရေဆေးလ်ဗားနှင့် ဂျော့ချ်ကော်စတာတို့ကို ဂုဏ်ပြုပွဲပြုလုပ်ခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်း”
05 Sep
ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့လတွေအတွင်း ကွယ်လွန်သွားတဲ့ ကစားသမားတွေဖြစ်တဲ့ ဂျိုတာ၊ အန်ဒရေဆေးလ်ဗား နဲ့ ဂျော့ချ်ကော်စတာတို့ကို ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဓိကအကျဆုံး ဂုဏ်ပြုခံရသူက ဇူလိုင်လအတွင်း ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးလ်ကစားသမား ဂျိုတာ ကိုဖြစ်ပြီး သူ့နာမည်နဲ့ ကျောနံပါတ်ပါဝင်တဲ့ ပေါ်တူဂီအင်္ကျီပုံကိုလည်း ကြေးရုပ်တုထုလုပ်ခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်း ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အာမေးနီးယား၊ ဟန်ဂေရီအသင်းတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဂျိုတာ မရှိတော့တဲ့နောက် ပထမဆုံးကစားရမယ့်ပွဲစဉ်တွေဖြစ်ကာ ကစားသမားများပြန်လည်စုစည်းမိချိန်မှာ ဂုဏ်ပြု အောက်မေ့ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ (NVS 008)
05 Sep