“ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၏ နာမည်ကျော် ဂလိုရီယာကြိုးဆွဲရထားတစ်စင်း ပျက်ကျ၍ ၁၅ ဦးထက်မနည်း သေဆုံး”

05 Sep

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၏နာမည်ကျော် ဂလိုရီယာ ကြိုးဆွဲရထားတစ်စင်း စက်တင်ဘာလ ၃ ရက်တွင် ပျက်ကျခဲ့ရာ ၁၅ ဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ က ပြောကြားသည်။ စက်တင်ဘာလ ၃ ရက် ညနေ ၆ နာရီ ခန့်တွင် အဆိုပါမတော်တဆမှု ဖြစ်ပွားခဲ့သည်။ သေဆုံးသူ များတွင် နိုင်ငံခြားသားအချို့ပါဝင်ပြီး ဒဏ်ရာရသူများအနက် ငါးဦးမှာ စိုးရိမ်ရကြောင်း တာဝန်ရှိသူများ က ပြောကြား သည်။ ဂလိုရီယာကြိုးဆွဲရထားသည် မြို့တော်၏အထင်ကရနေရာတစ်ခုဖြစ်သည့် မတ်စောက်သော တောင်ကုန်းပေါ် မှ တောင်အောက်သို့ အတက်အဆင်း ပြေးဆွဲသည့်ကြိုးဆွဲရထားဖြစ်ပြီး လူကြိုက်များသော ခရီးသွားဆွဲဆောင်မှု တစ်ခုလည်းဖြစ်သည်။ ကြိုးဆွဲရထား ပျက်ကျစဉ် ခရီးသည် ၄၀ ကျော် လိုက်ပါခဲ့ကြောင်း ဒေသတွင်း မီဒီယာများက သတင်းဖော်ပြထားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Sep

ADVERTISE HERE .