“ငလျင်ဒဏ်သင့်စီးပွားရေးလုပ်ငန်းရှင်များပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၇၀၀ ဘီလီယံ ထုတ်ချေးပေးမည်”

05 Sep

မန္တလေးမြေငလျင်ကြီးကြီး ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများအတွက် ဗဟိုဘဏ်မှ ပြန်လည်ထူထောင်ရေး အတွက် ငွေကျပ် ၇၀၀ ဘီလီယံ ထုတ်ချေးပေးမယ်လို့ သိရပါတယ်။ အဆိုပါချေးငွေကို စက်တင်ဘာလ ၂ ရက်မှစတင်ကာ သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေး အဖွဲ့အစည်းများမှာ အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေလျှောက်ထားနိုင်မည် ဖြစ်ပါတယ်။ ချေးငွေသက်တမ်း ၃ နှစ်မှ ၅ နှစ် အထိ သတ်မှတ်ထားတဲ့ ချေးငွေဘီလီယံ ၇၀၀ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှကျပ် ဘီလီယံ ၅၀၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ဈေးကွက်တည်ငြိမ်ရေးရန်ပုံငွေမှ ကျပ်ဘီလီယံ ၂၀၀ ထည့်ဝင်ထား ပါတယ်။ ချေးငွေများကို ဦးစားပေးကဏ္ဍများအနေဖြင့် ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း များ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော လူနေအိမ်များကို ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းနဲ့ ချေးငွေများအမြန်ဆုံးထုတ်ချေးမှာဖြစ်ပါတယ်။ ချေးငွေအစီအစဉ်မှာ ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ UAB Bank PCL၊ CB Bank PCL၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co.,Ltdနှင့် ZegaFinance Co.,Ltd တို့မှ ချေးငွေအစီအစဉ် ပါဝင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းအပေါ် ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ်(SOP)ပါ စံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထား ခြင်းဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးချေးငွေ ထုတ်ယူလိုသူများ အနေနဲ့ သက်ဆိုင်ရာဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများမှာ စက်တင်ဘာ ၂ ရက်မှစတင်၍ ချေးငွေလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ (NVS 004)

05 Sep

ADVERTISE HERE .