“မြန်မာနိုင်ငံမှထွက်ရှိတဲ့ သီးနှံများကို ဟေလုံကျန်းပြည်နယ်သို့ တင်ပို့နိုင်ရန်ဆွေးနွေးခဲ့”

05 Sep

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ ၄ ရက် ည ၆ နာရီက ဟာပင်းမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာမှာ ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာ ရှုချင် နှင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဥ် အဆင်မြင့်တက္ကသိုလ်/ကောလိပ်များမှာ မြန်မာနိုင်ငံမှ ပညာတော်သင်ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေမှု၊ မြန်မာနိုင်ငံမှထွက်ရှိတဲ့ သီးနှံများကို ဟေလုံကျန်းပြည်နယ်သို့တင်ပို့နိုင်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှာ နည်းပညာဖလှယ်မှုများဆောင်ရွက်နိုင်မှုတို့ကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင်ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှု၊ ဟေလုံကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံကြားကုန်သွယ်မှုလုပ်ငန်းများနှင့်အခြားကဏ္ဍစုံမှာ ပူးပေါင်း‌ဆောင်ရွက်နိုင်မှု၊ ဟေလုံကျန်းပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးခဲ့ပါတယ်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီး အစည်းအဝေးနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနား များကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံမှုနှစ်ပေါင်း ၇၅ နှစ်ကျော်လွန်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ပါတယ်။ (NVS 004)

05 Sep

ADVERTISE HERE .