“IBEC ဗုဒ္ဓတက္ကသိုလ်၏ မဟာဝိဇ္ဇာဘွဲ့သင်တန်းဖွင့်လှစ်မည်”
04 Sep
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)၏ IBEC ဗုဒ္ဓတက္ကသိုလ်တွင် ဗုဒ္ဓသာသနာတော် ရေရှည်ထွန်းကားပြန့်ပွားစေရေးအတွက် မဟာဝိဇ္ဇာဘွဲ့ (M.A Buddhism) သင်တန်းအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မဟာဝိဇ္ဇာဘွဲ့သင်တန်းအား သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိပြီးသူများ၊ B.A ဘွဲ့ရရှိထားသူများနှင့် B.Sc ဘွဲ့ရရှိထား သော ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များ လျှောက်ထားနိုင်ကာ ဝင်ခွင့်လျှောက်လွှာများအား စက်တင်ဘာလ ၁ ရက်မှစတင်၍ ထုတ်ပေးလျက်ရှိပါတယ်။ လျှောက်လွှာများကို IBEC ဗုဒ္ဓတက္ကသိုလ်သို့ နိုဝင်ဘာလ ၁၅ ရက် နောက်ဆုံးထားပေးပို့ရမှာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်တွင် လူတွေ့စစ်ဆေး၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၌ သင်တန်းကို စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS-004)
04 Sep