ကုန်ဈေးနှုန်းသတင်း ၄.၉.၂၀၂၅

04 Sep

စက်တင်ဘာလ ၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက်မြင့်တက်နေသလို ပဲစင်းငုံနီဈေးလည်း အနည်းငယ် တက်လာပါတယ်။ အခြားပဲအများစုနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီဈေးတွေ ဈေးငြိမ်နေပေမယ့် အာလူးဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၃,၆၉၆ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၃,၃၃၉ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၇၆၅ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၀,၆၇၈ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၉၁၀ ကျပ်ကနေ ၇,၃၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၅၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၈၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၀,၈၃၀ ကျပ်ကနေ ၁၁,၈၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၁,၆၂၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၆၅၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၁၉,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၄,၆၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၁၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၃၅ ကျပ်၊ မန္တလေးမှာ ၃,၀၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၀၂၅ ကျပ်၊ မန္တလေးမှာ ၃,၁၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၃၅ ကျပ်၊ မန္တလေးမှာ ၂,၆၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၁၄၀ ကျပ်၊ မန္တလေးမှာ ၃,၂၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၂၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၅၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ငါးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၆၇၀,၀၀၀ိ/-) ခုနစ်ဆယ် ခြောက်သိန်း ခုနစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

04 Sep

ADVERTISE HERE .