“အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်းသိင်္ဂီထွန်းကို Most Dynamic Player အဖြစ်သတ်မှတ်”
04 Sep
ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း က Most Dynamic Player အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပရိသတ်များ၏ မဲပေးရွေးချယ်မှုနဲ့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဝင်းသိင်္ဂီထွန်း က ချန်ပီယံသြစတြေးလျအသင်းမှ Leticia McKenna၊ အိမ်ရှင်ဗီယက်နမ်မှ Huynh Nhu၊ ထိုင်းအသင်းမှ Madison Casteenနှင့် အသင်းဖော်ဂိုးသမား မျိုးမြမြငြိမ်း တို့ကိုကျော်လွှားပြီး အခုလိုသတ်မှတ်ခံရခြင်းဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းက ပြိုင်ပွဲတစ်လျှောက်လုံးမှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ (NVS 008)
04 Sep