“လေဗာကူဆင်အသင်းရဲ့ ကမ်းလှမ်းမှုနှစ်ကြိမ်စလုံးကို ငြင်းပယ်ခဲ့တဲ့ ဇာဗီ”

04 Sep

ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း ဇာဗီ ဟာ လေဗာကူဆင်အသင်းရဲ့ ကမ်းလှမ်းမှုနှစ်ကြိမ်စလုံးကို ငြင်းပယ်ခဲ့ ကြောင်း သိရပါတယ်။ လေဗာကူဆင်အသင်းဟာ စပိန်နည်းပြ ဇာဘီအလွန်ဆိုနဲ့ လမ်းခွဲချိန်တုန်းက ဇာဗီ ကို အစားထိုးခန့် အပ်ဖို့ ကမ်းလှမ်းခဲ့ဖူးသလို၊ ဒတ်ချ်နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ချိန်မှာလည်း ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လေဗာကူဆင်အသင်းက အဓိကကစားသမားအများအပြားကို ဆုံးရှုံးထားတာကြောင့် ဇာဗီ က မကိုင် တွယ်လိုခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၄ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇာဗီ က ဒီနှစ်နွေရာသီအစောပိုင်းမှာ နည်းပြလောကကို ပြန်လည်ဝင်ရောက်လိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

04 Sep

ADVERTISE HERE .