“ဂူဟီ ကို လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိတဲ့ လီဗာပူးလ်အသင်း”
04 Sep
လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်နောက်ခံလူ ဂူဟီ ကို ယခုနှစ်မှာ ခေါ်ယူနိုင်ခြင်း မရှိပေမယ့် လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဂူဟီ ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပဲလေ့စ်အသင်းက အစားထိုးဖို့ ကစားသမားမရရှိခဲ့တာကြောင့် ရောင်းထုတ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်နည်းပြ ဂလက်စ်နာ က ဂူဟီ ကို ရောင်းထုတ်ပါက ရာထူးကနေ နုတ်ထွက်မယ်လို့ ဖိအားပေးခဲ့တာကြောင့် သတင်းတွေက ဖော်ပြနေကြ ပါတယ်။ ဂူဟီ က ပဲလေ့စ်အသင်းမှာ ဆက်ရှိခဲ့ရပေမယ့် အသင်းရဲ့စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု တွေကို လက်ခံစဉ်းစားသွားမှာမဟုတ်ဘဲ သက်တမ်းကုန်ဆုံးမယ့် ၂၀၂၆ နွေရာသီမှာ လမ်းခွဲဖို့ဆုံးဖြတ်ထားပြီလို့ ဆိုပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဂူဟီကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကြိုတင်သဘော တူညီမှု ရယူထားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)