ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၁၁၀,၀၀၀ ကျော်တင်ပို့ထား

23 Aug

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ လေးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၁၁၀,၀၀၀ ကျော်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် တင်ပို့ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ အဆိုပါ လေးလတာကာအတွင်း တင်ပို့ရာတွင် ငါးတန်ချိန် ၈၁,၀၆၄ တန်မှ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်၊ ပုစွန်တန်ချိန် ၂,၆၀၀ ကျော်မှ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်နှင့် တခြားရေထွက်ကုန်တန်ချိန် ၃၂,၀၀၀ ကျော်မှ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော် စုစုပေါင်းရေထွက်ကုန်တန်ချိန် ၁၁၀,၀၀၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၁၇၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ ရေကြောင်း၊ လေကြောင်းတို့ဖြင့် တင်ပို့လျက်ရှိ သည့်အပြင် နယ်စပ်ကုန်သွယ်ရေးစခန်းတချို့မှလည်း အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ မြန်မာ့ရေထွက်ကုန် များကိုတော့ ငါးအုပ်စု၊ ပုစွန်အုပ်စုနှင့် ငါး၊ ပုစွန်မဟုတ်သော တခြားရေထွက်ကုန်အုပ်စုဟူ၍ အဓိကအုပ်စု သုံးစုခွဲကာ တရုတ်၊ ဂျပန်၊ အာဆီယံနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအပါအဝင် စုစုပေါင်းနိုင်ငံ ၄၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

23 Aug

ADVERTISE HERE .