ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

23 Aug

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် မိမိနှင့်သက်ဆိုင်သည့် မြို့နယ်များအတွက် ပုံစံ(၁၅)တောင်းဆိုနိုင်မှုများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားရှိ ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ အပိုင်းလိုက် ကျင်းပ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ပြည်ပရောက်မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ(၁၅)များ ထုတ်ယူပေးပို့နိုင်မည့် နေ့ရက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၁-၈-၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၂/၂၀၂၅ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၅-၈-၂၀၂၅ ရက်တွင် ကြေညာချက်အမှတ် (၅၀/၂၀၂၅)၊ (၅၁/၂ဝ၂၅)၊ (၅၂/၂၀၂၅) နှင့် (၅၃/၂၀၂၅)တို့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၃၃၀ ပါဝင်သောမဲဆန္ဒနယ်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ကြိုတင်ဆန္ဒမဲပေးလိုသည့် ပြည်ပရောက်မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ(၁၅)တောင်းဆိုရာတွင် သတ်မှတ်ကာလ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အတွင်း မိမိနှင့်သက်ဆိုင်သည့် မြို့နယ်အတွက် ပုံစံ(၁၅)ဖြင့် တောင်းဆိုနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာထားရှိပါတယ်။(NVS 004)

23 Aug

ADVERTISE HERE .