အရှေ့အလယ်ပိုင်း၌ ပထမဆုံးအဖြစ် ဂါဇာတွင် အငတ်ဘေးဆိုက်နေပြီဟု ကုလသမဂ္ဂထုတ်ပြန်ကြေညာ
23 Aug
အရှေ့အလယ်ပိုင်းဒေသ၌ ပထမဆုံးအကြိမ်အဖြစ် ဂါဇာဒေသတွင်အငတ်ဘေး ဆိုက်နေပြီဖြစ်ကြောင်း၊ လူပေါင်းငါးသိန်းကျော်သည် ကြီးမားလှသော ဆာလောင်ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ဩဂုတ်လ ၂ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။ ယခုကဲ့သို့ အငတ်ဘေးမဖြစ်ပေါ်စေရန် ကြိုတင်တားဆီးကာကွယ်နိုင်စွမ်းရှိသော်လည်း ပါလက်စတိုင်းဒေသ သို့သွားသော စားနပ်ရိက္ခာများသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ဟန့်တားခြင်းခံခဲ့ရသည်ဟု ကုလသမဂ္ဂ၏ အကူအညီပေးရေးအဖွဲ့ အကြီးအကဲဖြစ်သည့် တွမ်ဖလက်ချာ က ပြောသည်။ လက်ရှိအငတ်ဘေးဆိုက်နေသော ဂါဇာဒေသသည် ဂါဇာကမ်းမြောင်ဒေသ၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း၊ စက်တင်ဘာလကုန်ပိုင်းတွင် အငတ်ဘေးဆိုက်မှုသည် ဒီယာအယ်ဘာလာနှင့် ခန်းယူနစ်ဒေသတို့အထိ ပျံ့နှံ့သွားနိုင် ကြောင်း၊ ထိုသို့ပျံ့နှံ့သွားပါက ပါလက်စတိုင်းနယ်မြေ၏ သုံးပုံနှစ်ပုံသည် အငတ်ဘေးဆိုက်သည့်အခြေအနေ ဖြစ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ပြင် လက်ရှိဖော်ပြထားသော အငတ်ဘေးဆိုက်နေသည့် လူဦးရေပမာဏသည် ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိရရှိသော သတင်းအချက်အလက်များကို အခြေခံထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလကုန်တွင် ပါလက်စတိုင်းလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သော ပြည်သူ ၆၄၁,၀၀၀ နီးပါးသည် အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂမှ အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော IPC အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂါဇာဒေသ၌ ပြည်သူများအငတ်ဘေးဆိုက်ရခြင်းသည် အစ္စရေးနှင့် ဟားမက်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲအရှိန် သိသာစွာမြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။