“မန္တလေးမဟာမုနိဘုရားကြီးကို ပုံမှန်အတိုင်းပြန်လည်ဖူးမြော်နိုင်ပြီဖြစ်”
15 Aug
မန္တလေးမဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန်၊ ပိတ်ရက်မရှိဖွင့်လှစ်ထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရပါတယ်။ ငလျင်ကြောင့်ပျက်စီးထိခိုက်မှုအချို့ရှိခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုလမှစ၍ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ဖူးမြော်ခွင့်ပြုလိုက်ဖြစ်ကြောင်း သိရပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ မဟာမုနိဘုရားကြီး(မဟာမုနိရုပ်ရှင်တော်မြတ်)၏ တန်ဆောင်း တော်နှင့် ထီးတော်အချို့အပိုင်းများ ပျက်စီးထိခိုက်မှုဖြစ်ခဲ့ရာ နောက်တစ်ရက်မှစ၍ ဘုရားဖူးမြော်ခွင့်နှင့် ဘုရားပေါ်တက်ရောက်ခွင့် ကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။ ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ပြီးနောက် ဇွန်လတတိယပတ်ခန့်က စတင်ကာ လပြည့် လကွယ်ဥပုသ်နေ့တိုင်းဝင်ရောက်ဖူးမြော်ခွင့်ကို စတင်ခွင်ပြုခဲ့ပြီး၊ ယခုအခါပိတ်ရက်မရှိခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ (NVS 004)