“ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း ၅၃ ကျမ်းနှင့် ဦးကုလား မဟာရာဇဝင်ကြီးစာအုပ်များလှူဒါန်း”
15 Aug
ဒေလီတက္ကသိုလ်၌တက်ရောက်နေတဲ့ ဆရာတော်၊ သံဃာတော်များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ(မိသားစု)မှ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ရိုမန်) အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပါဠိတော်ကျမ်း ၅၃ ကျမ်း၊ ဦးကုလား မဟာရာဇဝင်ကြီး (ပထမအုပ်နှင့် ဒုတိယအုပ် ၂) တို့ကိုဆပ်ကပ်လှူဒါန်းခဲ့ကြပါတယ်။ အဆိုပါဆက်ကပ်လှူဒါန်းပွဲကို သြဂုတ်လ ၁၃ ရက်၊နံနက် ၁၀ နာရီအချိန်က အိန္ဒိယနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး နယူးဒေလီမြို့မှာကျင်းပခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ကိုယ်စား) မြန်မာသံရုံးတာဝန်ရှိသူများမှ ကျမ်းများနှင့် စာအုပ်များကိုဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် နယူးဒေလီမြို့၊ မြန်မာသံရုံးမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကိုလည်း ပူးတွဲကျင်းပခဲ့ရာ ကြွရောက်တော်မူလာကြတဲ့ သံဃာတော် ၁၄ ပါးနှင့် သီလရှင် ၂ ပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြတယ်။ (NVS 004)