“သံလွင်တံတားနှင့် ချောင်းဆုံတံတားများကို မူလအတိုင်းပြန်လည်ဖြတ်သန်းခွင့်ပြု”
15 Aug
မော်လမြိုင်-မုတ္တမ သံလွင်တံတားနှင့် မော်လမြိုင်-ချောင်းဆုံတံတားများကို ဩဂုတ်လ ၁၄ ရက်စ၍ ယခင်အချိန် များအတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မော်လမြိုင်-မုတ္တမ သံလွင်တံတားကို နံနက် ၅ နာရီမှ ည ၉ နာရီအထိ ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်ကာ မော်လမြိုင်-ချောင်းဆုံတံတားကို နံနက် ၄ နာရီမှ ည၁၀ နာရီအထိ ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို ဩဂုတ်လ ၁၃ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ဖြတ်သန်းခွင့်ပြုရာခဲ့သော်လည်း တစ်ရက်အကြာ ယခုလိုပြန်လည်ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ထို့အတူ မော်လမြိုင် -မုတ္တမ သံလွင်တံတားကို ဇူလိုင်လ ၁၆ ရက်က နံနက် ၆ နာရီမှ ည ၈ နာရီအထိ ပြောင်းလဲသတ်မှတ်ထားရာ တစ်လနီးပါးကြာပြီးမှသာ ပြောင်းလဲသတ်မှတ်ပေးခြင်းဖြစ်ပါတယ်။ (NVS 004)
15 Aug