"မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးမည်"
15 Aug
စစ်ကိုင်းတိုင်းဒေသကြီးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ မျက်စိဝေဒနာရှင်များကို အခမဲ့စစ်ဆေး ခွဲစိတ်ကုသပေးသွားမှာ ဖြစ်တယ်လို့ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးက သိရပါတယ်။ အခမဲ့ ခွဲစိတ်ကုသမှုကို မုံရွာမြို့ရှိ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ဩဂုတ်လ ၂၉ ရက်ကနေ စက်တင်ဘာလ ၂ ရက်အထိ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မျက်စိခွဲစိတ်လိုတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာခရိုင်၊မြို့နယ်စီမံခန့်ခွဲရေး အုပ်ချုပ်ရေးကော်မတီရုံးတွေမှာ အမည်စာရင်းတွေ ပေးသွင်းနိုင်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မဲ့လူနာနဲ့လူနာစောင့်တစ်ယောက်ရဲ့ တည်းခိုနေထိုင်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး စားသောက်ရေးကို စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မျက်စိ စမ်းသပ်ခွဲစိတ်ပေးမယ့်အစီအစဥ်မှာ ပါဝင်လိုတဲ့အလှူရှင်တွေအနေနဲ့ အလှူငွေများကိုလှူဒါန်းနိုင်ပြီး မျက်စိစမ်းသပ်မှု အတွက် တစ်ယောက်ကို ငွေကျပ် ၂ သောင်းခွဲ၊ ခွဲစိတ်ကုသမှုအတွက် ငွေကျပ် ၂ သိန်းခွဲနှုန်းနဲ့ ပါဝင်လှူဒါန်းနိုင် ပါတယ်။ (NVS 004)