တရုတ်နိုင်ငံတွင် ခရီးသွားလာမှုများပြားသော ရာသီအတွင်း ခရီးသွားလုပ်ငန်းတာဝန်ရှိသူများက ဘေးကင်း ရေးကို အာရုံစိုက်လုပ်ဆောင်မည်
14 Aug
တရုတ်နိုင်ငံ ယဥ်ကျေးမှုနှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ဇူလိုင်လအတွင်း လျှို့ဝှက်စစ်ဆေးမှု များလုပ်ဆောင်ရာတွင် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရာနေရာများနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုဌာန များ၌ ဘေးကင်းရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများကို တွေ့ရှိရကြောင်း ထုတ်ဖော်ကြေညာလိုက်ပြီး အရေးယူ ဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန် ဒေသခရီးသွားလုပ်ငန်း တာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။ ထျန်းကျင်း၊ လျောင်နင်နှင့် ရှင်းကျန်း ဒေသများအပါအဝင် ပြည်နယ်အဆင့်ဒေသ ၈ ခုတွင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ စီးပွားရေးလုပ်ငန်းနေရာများနှင့် ခရီးသွားများ တည်းခိုနေထိုင်ရာနေရာများ၌ အရေးပေါ် ထွက်ပေါက်များ ပိတ်နေမှုကဲ့သို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသွားဒေသများတွင် မရှိမဖြစ်လိုအပ်သော အသက်ကယ်အင်္ကျီစသော ပစ္စည်းကိရိယာများ လျော့နည်းနေမှုကို ယခုအကြိမ်စစ်ဆေးမှုတွင် တွေ့ရှိရကြောင်း ပြောဆိုခဲ့သည်။ ဝန်ကြီးဌာနက ခရီးသွားဘတ်စ်ကားယာဥ်မောင်းများ၏ ယာဥ်စည်းကမ်းချိုးဖောက်မှုများ အပါအဝင် လမ်း အန္တရာယ်ဘေးကင်းရေး စိုးရိမ်မှုများကိုလည်း သတိပေးခဲ့သည်။ ဝန်ကြီးဌာန၏အဆိုအရ လုံလောက်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန်ပျက်ကွက်သည့် စီးပွားရေးလုပ်ကိုင်သူ များကို ဥပဒေကြောင်းအရ ပြင်းထန်သည့်အရေးယူမှု ပြုလုပ်မည်ဖြစ်ပြီး တွေ့ရှိချက်များ လွှဲပြောင်းပေးအပ်ကာ ထပ်မံစုံစမ်းစစ်ဆေးမှုများအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများကို လွှဲပြောင်းတာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။