“အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ အုပ်စုပထမအဖြစ် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တဲ့ မြန်မာအသင်း”
14 Aug
ဩဂုတ်လ ၁၃ ရက်ညပိုင်းက ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု(B) နောက်ဆုံးပွဲတွေကို ယှဥ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တာကြောင့် အုပ်စုပထမအဖြစ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အုပ်စု(B) ရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ သြစတြေးလျအသင်းနဲ့ တီမောအသင်းတို့ပွဲစဉ်မှာ ဩစတေးလျ အသင်းက ၉ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုဒုတိယရရှိခဲ့ပါတယ်။ ဒါကြောင့် အုပ်စု(A) မှာ ဗီယက်နမ်က ပထမ၊ ထိုင်းက ဒုတိယရခဲ့တာကြောင့် ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်နဲ့ သြစတြေးလျ၊ မြန်မာနဲ့ ထိုင်းတို့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)
14 Aug