“ဂျက်ကော့ဘ်ရမ်ဆေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ နယူးကာဆယ်အသင်း”

14 Aug

နယူးကာဆယ်အသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်ကစားသမား ဂျက်ကော့ဘ်ရမ်ဆေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ နယူးကာဆယ်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ သဘောတူညီခဲ့ပြီဖြစ်တာကြောင့် ဂျာကော့ဘ်ရမ်ဆေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ အတွက် ဆက်လက်ဆွေးနွေးနေကြောင်း သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဂျက်ကော့ဘ်ရမ်ဆေး ကိုရောင်းထုတ်လိုခြင်းမရှိပေမယ့် ဘဏ္ဍာရေးအခြေအနေ အရ ရောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက ဂျက်ကော့ဘ်ရမ်ဆေး ကို စာချုပ်ချုပ်ဆို နိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .