“အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ လိဒ်စ်အသင်း”
14 Aug
အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် ဟာ လိဒ်စ်အသင်းမှာ ကစားဖို့ သဘော တူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကယ်လ်ဗတ်လူဝင် ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ ကစားသမားဘဝအစပြု ခဲ့သူဖြစ်ပြီး အဲဗာတန်အသင်းကို ၂၀၁၆ ကတည်းက ရောက်ရှိခဲ့ပါတယ်။ ကယ်လ်ဗတ်လူဝင် ဟာ ၉ နှစ်တာကာလအတွင်း အဲဗာတန်အသင်း အတွက် ပြိုင်ပွဲစုံ ၂၇၄ ပွဲကစားပေးခဲ့ပြီး ဒီနှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကယ်လ်ဗတ်လူဝင် ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာကြောင့် ပွဲထွက်ခွင့်အနည်းငယ်သာ ရရှိခဲ့ပေမယ့် ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အသင်းတွေ အတော်များများရှိခဲ့ပြီး မန်ယူနဲ့ နယူးကာဆယ်အသင်းတွေ ပါဝင်ခဲ့ပါတယ်။ ကယ်လ်ဗတ်လူဝင် က ပွဲကစားခွင့်ပိုမိုရရှိမယ့်အသင်းကို ရွေးချယ်ခဲ့တာကြောင့် ဆေးစစ်မှုအောင်မြင်ရင် လိဒ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။ (NVS 008)
14 Aug