“စပါးအသင်းကို ပင်နယ်တီနဲ့အနိုင်ရပြီး ဥရောပစူပါဖလားချန်ပီယံဖြစ်ခဲ့တဲ့ PSG အသင်း”

14 Aug

ဥရောပစူပါဖလားဗိုလ်လုပွဲမှာ PSG အသင်းက စပါးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ကာ ဥရောပစူပါဖလားသမိုင်းမှာ ပထမဆုံးဗိုလ်စွဲတဲ့ ပြင်သစ်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ စပါးအသင်းက ဗန်ဒီဗန် နှင့် ရိုမဲရိုး တို့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၈၀ ကျော်မှ PSG အသင်းက လီကန်အင် နှင့် ဟယ်မို့စ် တို့က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက် ၂ ဂိုးနဲ့ သရေကျခဲ့ပါတယ်။ ဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ PSG အသင်းက ၄ ဂိုး၊ ၃ ဂိုးနဲ့ စပါးအသင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ ပါတယ်။ PSG အနေနဲ့ စူပါဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်တာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ ဂျူဗင်တပ်စ် အသင်းကို နှစ်ကျော့ပေါင်း ၂-၉ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ (NVS 008)

14 Aug

ADVERTISE HERE .