"မန္တလေးတက္ကသိုလ်ရာပြည့်သဘင် အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြုလုပ်ရန်ပြောကြား"

14 Aug

မန္တလေးတက္ကသိုလ်ရာပြည့်သဘင်အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြုလုပ်ရာမှာလည်း မျိုးဆက်သစ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ခေတ်အမြင်တွေကို ထည့်သွင်းဖန်တီးစေလိုတဲ့အတွက် ပြိုင်ပွဲတွေပြုလုပ်စေချင်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် က ပြောကြားခဲ့ပါတယ်။ ဩဂုတ်လ ၁၂ ရက်က မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကျင်းပရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်တွေက ပါမောက္ခချုပ်တွေ၊ ပညာရေးဒီဂရီကောလိပ်များ၏ ကျောင်းအုပ်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မန္တလေး တက္ကသိုလ်ရာပြည့်သဘင် အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တက္ကသိုလ်တွေ၊ ပညာရေးဒီဂရီကောလိပ်တွေ၊ မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူတွေရဲ့ ပူးပေါင်း ဆောင်ရွက် မှုဟာ ပဓာနကျတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ (NVS 004)

14 Aug

ADVERTISE HERE .