“တိုင်းဒေသကြီးနှင့်ပြည်နယ် ၄ ခုမှ ငွေလဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတွေ့ဆုံ”
14 Aug
ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က သြဂုတ်လ ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ(Money Changer)ကုမ္ပဏီများနဲ့ တွေ့ဆုံခဲ့ပါတယ်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက်နာမှုမရှိတဲ့ ကုမ္ပဏီများ အနေနဲ့ အရေးယူခံရမှာဖြစ်လို့ ထုတ်ပြန်ထားတဲ့ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (၅/၂၀၂၄) အတိုင်းလိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ မှု ဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကို လိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်း အခြေအနေနှင့် အခက်အခဲများအပေါ် ဆောင်ရွက်ရမည်ကိစ္စရပ်များတွင် မသမာသူများ၏အသုံးချမှုမခံရစေရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ (NVS 004)