“မိုင်းဆတ်မြို့နယ်၌ အာခါရိုးရာ ဒန်းစီးပွဲတော် ကျင်းပ”
13 Aug
အာခါတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်ဖြစ်သည့် အာခါရိုးရာဒန်းစီးပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်၊ မိုင်းတွင်းတောင်ပေါ်အုပ်စု ဦးဖူဒေ့ကျေးရွာတွင် (၁၅)ကြိမ်မြောက်အဖြစ် ဩဂုတ်လ ၁၂ ရက်မှစတင် ပြုလုပ် လျက်ရှိပြီး ဩဂုတ်လ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အာခါတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရှမ်းပြည်နယ်)မှ သိရပါတယ်။ အာခါတိုင်းရင်းသားလူမျိုးတို့တွင် ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတွင် ရာသီအလိုက် ကျင်းပပြုလုပ်ရမည့် ထုံးတမ်းစဉ်လာများရှိကြပြီး “ခါးထောင်းဖား” (ခေါ်) နှစ်သစ်ကူး၊ “ရဲခူအဖွေ” (ခေါ်) ဒန်းစီးပွဲတော် တို့သည် ထင်ရှား၍ အာခါတိုင်းရင်းသားတို့နှင့်အတူတကွ လူမျိုးဘာသာမရွေး ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်တဲ့ ရိုးရာပွဲတော် များဖြစ်ပါတယ်။ အဆိုပါပွဲတော်ကို အာခါလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစေရန်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရဲ့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)