“ဘုန်းမောက်အသင်းနောက်ခံလူ ဇာဘာညီ ကို ခေါ်ယူလိုက်ကြောင်းကြေညာခဲ့တဲ့ PSG အသင်း”

13 Aug

ဘုန်းမောက်အသင်းက ယူကရိန်းနောက်ခံလူ ဇာဘာညီ ဟာ PSG အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး မကြာခင် ဆေးစစ်မှုခံယူရမှာ ဖြစ်ပါတယ်။ PSG အသင်း က ဇာဘာညီ ကို ပြောင်းရွှေ့ကြေး ယူရို ၆၃ သန်းအပြင် အပိုဆုကြေး ၃ သန်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အခုနွေရာသီမှာ ဇာဘာညီ ရဲ့ထွက်ခွာမှုက ဘုန်းမောက်အသင်းအတွက် တတိယမြောက် အဓိကကစားသမား တစ်ဦးကို ရောင်းချတာလည်း ဖြစ်ပါတယ်။ အစောပိုင်းက ဟွိုင်ဆန်ကို ရီးရဲလ်အသင်းထံ ပေါင် သန်း ၅၀၊ ကယ်ကယ်ဇ်ကို လီဗာပူးလ်အသင်းသို့ ပေါင်သန်း ၄၀ နဲ့ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဇာဘာညီ ဟာ ၂၀၂၃ ခုနှစ်မှာ ဒိုင်နမိုကိဗ်အသင်းကနေ ပေါင် ၂၄ သန်းနဲ့ ဘုန်းမောက်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .