“AFC Challenge League ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ရန်ကုန်ယူနိုက်တက်”

13 Aug

၂၀၂၅-၂၆ ဘောလုံးရာသီ AFC Challenge League ပြိုင်ပွဲရဲ့ Preliminary အဆင့်ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက် တက်အသင်းဟာ လာအိုကလပ် Ezra အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ လာအိုကလပ် Ezra အသင်းကို လက်ခံကစားခဲ့ရပြီး ပွဲကစားချိန် မိနစ် ၉၀ အထိ ဂိုးမရှိသရေကျနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အချိန်ပိုမှာ ကောင်းစည်သူ က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၁၀၉ မိနစ်မှာ ချေပဂိုးပြန်လည်ပေးခဲ့ရတာကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီဆုံးအဖြတ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းဟာ လာအိုကလပ် Ezra အသင်းကို ၃ ဂိုး ၅ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေတဲ့ ကလပ်အသင်းပြိုင်ပွဲတွေမှာ AFC Challenge League ပြိုင်ပွဲက တတိယတန်းစားပြိုင်ပွဲလည်း ဖြစ်ပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .