“လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ အီဆက်ခ်”
13 Aug
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ် ဟာ အခုနွေရာသီမှာ နယူးကာဆယ်အသင်းက ထွက်ခွာပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ အီဆက်ခ် အနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် စက်တင်ဘာလ ၁ ရက်မတိုင်ခင် ပရီးမီးယားလိဂ် ချန်ပီယံကလပ်နဲ့ ပူးပေါင်းနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ သြဂုတ်လ ၁ ရက်က အီဆက်ခ် ကို ပေါင် ၁၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် နယူးကာဆယ်အသင်းက ပယ်ချခဲ့ပြီးနောက် လီဗာပူးလ်အသင်းဘက်က ထပ်မံကမ်းလှမ်းမှုတွေ မလုပ်ဆောင်တော့တာ ဖြစ်ပါတယ်။ အီဆက်ခ် အနေနဲ့ လာမယ့်စနေနေ့မှာကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပါဝင်ကစားဖို့ မရှိဘူးလို့ သိရပါတယ်။ (NVS 008)
13 Aug