“ခရစ္စတယ်ပဲလေ့စ်အသင်းက အက်ဇီး ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ စပါးအသင်း”

13 Aug

စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက အက်ဇီး ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မတ်ဒီဆန် က ဒူးအရွတ်ဒဏ်ရာနဲ့ ကာလကြာရှည်နားရတော့မှာဖြစ်လို့ စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ် အနေနဲ့ ကစားသမားသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် က မေဂျာလိဂ်ကို ပြောင်းရွှေ့ခဲ့ပြီး ကူလူဆက်ဗ်စကီး က ဒူးဒဏ်ရာနဲ့ နားနေ ရပါတယ်။ အက်ဇီး ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးကိုအနိုင်ရတဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အနိုင်ဂိုးသွင်း ခဲ့ပြီး FA ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းက အက်ဇီး ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .