“ဒီတစ်ပတ်အတွင်း ရောင်းမထုတ်နိုင်ပါက အရန်ခုံထိုင်ခိုင်းရဖွယ်ရှိနေတဲ့ အန်တိုနီ”

13 Aug

မန်ယူအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီ ကို ရောင်းထုတ်ဖို့ စီစဉ်နေပေမယ့် ဒီတစ်ပတ် အတွင်း ရောင်းမထုတ်နိုင်ရင်တော့ ဇန်နဝါရီအထိ အသင်းရဲ့ အရန်ခုံထိုင်ခိုင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ အန်တိုနီ ကို ၂၀၂၂ နွေရာသီမှာ ယူရို ၉၅ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ တတိယ တန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် အန်တိုနီ ဟာ မန်ယူအသင်းမှာ ၃ ရာသီအတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲကစားကာ သွင်းဂိုး ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘက်တစ်အသင်းဆီ အငှားသွားရောက်ကစားခဲ့ရပါတယ်။ ဘက်တစ် အသင်းမှာတော့ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဘက်တစ်အသင်းက အငှားနဲ့ထပ်မံခေါ်ယူချင်နေသလို အန်တိုနီ ကလည်း ဘက်တစ်အသင်းနဲ့လက်တွဲဖို့ ဆန္ဒရှိနေပါတယ်။ (NVS 008)

13 Aug

ADVERTISE HERE .