“မြောက်ကိုရီးယားတပ်မတော်က အမြောက်ပစ်ခတ်မှု ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်”

13 Aug

မြောက်ကိုရီးယားတပ်မတော်သည် ၎င်းတို့၏တိုက်ပွဲဝင်အသင့်ရှိမှုအခြေအနေကို တိုးမြှင့်ရန်ရည်ရွယ်၍ အမြောက်ပစ်ခတ်မှု ဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ဩဂုတ် လ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားတပ်မတော်မှ နည်းဗျူဟာမြောက် အမြောက်တပ်ဖွဲ့များက ကိုရီးယားပြည်သူ့တပ်မတော်၏ စစ်ဦးစီးရုံးမှ တိုက်ခိုက်ရေးစီမံချက်နှင့်အညီ ထိုကဲ့သို့ ဇာတ်တိုက်လေ့ကျင့်ခန်းကို ဩဂုတ်လ ၁၁ ရက်တွင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု KCNA သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့က နှစ်စဉ်ကျင်းပမြဲဖြစ်သော Ulchi Freedom Shield (UFS) စစ်ရေး လေ့ကျင့်ခန်းကို ဩဂုတ်လ ၁၈ ရက်မှ ၂၈ ရက်အထိ လုပ်ဆောင်ရန်စီစဉ်ထားစဉ် သီတင်းပတ်တစ်ပတ်အလိုတွင် မြောက်ကိုရီးယားက ယခုကဲ့သို့ အမြောက်ပစ်ခတ်မှုဇာတ်တိုက်လေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။

13 Aug

ADVERTISE HERE .