“ထရမ့်က ဝါရှင်တန်၌ အမျိုးသားအစောင့်တပ်ဖွဲ့ကို ဖြန့်ကြက်ချထား”

13 Aug

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့၌ အမျိုးသားအစောင့်တပ်ဖွဲ့ကို ဖြန့်ကြက်ချထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ယခုကဲ့သို့ အမျိုးသား အစောင့်တပ်ဖွဲ့ကို ဖြန့်ကြက်ချထားခြင်းသည် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းရန်နှင့် ပြည်သူလူထု ဘေးကင်းလုံခြုံစေရန်တို့အတွက်ဖြစ်ကြောင်း ထရမ့်ကပြောသည်။ ထို့ပြင် ဝါရှင်တန်ဒီစီရဲတပ်ဖွဲ့ကိုလည်း ဗဟိုအစိုးရ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း၊ ယခုကဲ့သို့လုပ်ဆောင်ရခြင်းသည် မြို့တော်အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အတွက် ရာဇဝတ်မှု များနှင့် အိမ်ခြေမဲ့သူများ ပေါများလာမှုကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

13 Aug

ADVERTISE HERE .