“ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မည်”
13 Aug
မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များကို ရုရှားနိုင်ငံသို့တင်ပို့ရန် နှစ်နိုင်ငံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ သြဂုတ်လ ၁၁ ရက်မှာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Konstantin Kanarev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံပွဲတွင် ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့လိုတဲ့ အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန်များ၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းလိုတဲ့ ကုန်စည်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပြုနိုင်တဲ့ ကုန်စည်များ၊ လယ်ယာထွက်ကုန်များ၊ ဈေးကွက်အခြေအနေ၊ လုပ်ထုံးလုပ်နည်း များ၊ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရေးအတွက် Trading House ဖွင့်လှစ်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)